Menu Close

Internship Program 2018 Closing Ceremony

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ၏ Incubation Center ဖြစ်သည့် Kanaung Hub တွင် Internship Program 2018 အတွက် ရောက်ရှိနေကြသည့် ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသူ/ကျောင်းသားများ၏ Internship Program 2018 အောင်မြင်ပြီးဆုံးခြင်း အခမ်းအနားကို ၂၀၁၈ ခုနစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်များနယ်မြေ၊ MICT Park ၊ အဆောင် ၁၄၊ ၄ လွှာ ရှိ Kanaung Hub တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ ကျောင်းသူ/ကျောင်းသားများ၏ Internship Pgrogram အတွက် တာဝန်ယူပေးကြသော နည်းပညာကုမ္ပဏီများ၊ ကွန်ပျူတာ နှင့် နည်းပညာတက္ကသိုလ်များမှ ဆရာဆရာမများ၊ Internship ကျောင်းသူ/ကျောင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် ပြည်တွင်းရှိ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

Internship Program အတွက် လာရောက်ကြသော ကျောင်းသူ/ကျောင်းသား များမှာ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ မုံရွာကွန်ပျူတာတက္ကသိုလ်၊ တောင်ငူကွန်ပျူတာတက္ကသိုလ်၊ မကွေးကွန်ပျူတာတက္ကသိုလ်၊ ပြည်ကွန်ပျူတာတက္ကသိုလ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်၊ မအူပင်ကွန်ပျူတာတက္ကသိုလ်၊ မြိတ်ကွန်ပျူတာတက္ကသိုလ်၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်၊ မိတ္ထီလာကွန်ပျူတာတက္ကသိုလ်၊ မိတ္ထီလာနည်းပညာတက္ကသိုလ်၊ မှော်ဘီနည်းပညာတက္ကသိုလ်၊ လားရှိုးကွန်ပျူတာတက္ကသိုလ်၊ ဗန်းမော်ကွန်ပျူတာတက္ကသိုလ် နှင့် ကလေးကွန်ပျူတာတက္ကသိုလ် များမှဖြစ်ကြပါသည်။ Internship Program အတွက် ကျောင်းသူ/ကျောင်းသားများကို ကူညီလက်ခံဆောင်ရွက်ပေးကြသော ကုမ္ပဏီများမှာ BEE Data Myanmar Co., LTD, CCEducare Myanmar, Cool Idea Co., LTD, Macro-Intelligent Solution နှင့် Pearl Yadana Software Solution တို့ ဖြစ်ကြပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *