Menu Close

မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် – ၂၀၂၀

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ထောက်ပံ့ကူညီမှု၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ၏ စီမံကွပ်ကဲမှုနှင့်အတူ Kanaung Hub ကြီးကြပ်ကာ မြန်မာနိုင်ငံအတွင်းရှိ နည်းပညာကျွမ်းကျင်သူလူငယ်များ၊ နည်းပညာဖြင့် စွန့်ဦးတီထွင်ကာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန်၊ ပြည်သူလူထုအတွင်း နည်းပညာများဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ “Myanmar Youth Technopreneurship Development Program 2020” စီစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

“Myanmar Youth Technopreneurship Development Program 2020” သို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် (အဖွဲ့ တစ်ခုလျှင် အနည်းဆုံးနှစ်ဦး မှ အများဆုံးငါးဦး) ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်အတွင်း၊ MYTDP-2020 ၏ Website www.mmtechnopreneurship.com မှလည်းကောင်း၊ ဒေသခံ MPT ရုံးများ http://bit.ly/2OGsOhv မှလည်းကောင်း၊ လျှောက်လွှာများကို လက်ခံသွားမည်ဖြစ်ပါသည်။ ဆန်ခါတင်အဆင့် ရွေးချယ်ပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြုလုပ်သွားပြီး၊ အောက်မြန်မာပြည် (ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး) မှ (၅)ဖွဲ့၊ အထက်မြန်မာပြည် (ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်) မှ (၅)ဖွဲ့၊ စုစုပေါင်း (၁၀) ဖွဲ့ကို ဆန်ခါတင်အဆင့် ရွေးချယ်သွားပါမည်။

ရွေးချယ်ခံရသည့် အဖွဲ့ (၁၀) ဖွဲ့အား ရန်ကုန်မြို့၊ MICT Park ရှိ Kanaung Hub တွင် အထူးလေ့ကျင့်သင်ကြားပေးခြင်းများကို ပြုလုပ်ပေးသွားပါမည်။ ယင်းနောက်တွင် နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုများကို ပြုလုပ်
စေပြီး ဆန်ခါတင် အဖွဲ့ (၁၀) ဖွဲ့ထဲမှ သတ်မှတ်ချက်နှင့် ပြည့်မီသည့် အဖွဲ့များကို Technopreneurship 2020 Accelerate Award, Technopreneurship 2020 Startup Award နှင့် Technopreneurship 2020 Idea Award တို့ကို ရွေးချယ်ချီးမြှင့်ပြီး၊ ယင်းဆုများအတွက် ရွေးချယ်ခံရခြင်းမရှိသူများကို Technopreneurship 2020 Honorable Mention အနေဖြင့် နှစ်သိမ့်ဆုများ ပေးအပ်သွားမည်ဖြစ်ပါသည်။

  1. TECHNOPRENEURSHIP 2020 ACCELERATE AWARD10,000,000 Kyats, Company Registration & Workspace for 6 Months @ Kanaung Hub
  2. TECHNOPRENEURSHIP 2020 STARTUP AWARD8,000,000 Kyats, Company Registration & Workspace for 6 Months @ Kanaung Hub
  3. TECHNOPRENEURSHIP 2020 IDEA AWARD3,000,000 Kyats & Memorable Gifts
  4. TECHNOPRENEURSHIP 2020 HONORABLE MENTION800,000 Kyats & Memorable Gifts

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနှံ့အပြားရှိ နည်းပညာကျွမ်းကျင်ကာ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုသည့်လူငယ်များကို ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ အသေးစိတ်အချက်အလက်များကို MYTDP-2020 ၏ Websitewww.mmtechnopreneurship.comတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

Comments

Leave a Reply

Your email address will not be published. Required fields are marked *