Menu Close

Clash of Robots Press Show

မြန်မာနိုင်​ငံကွန်ပြူတာပညာရှင်အသင်း(MCPA)၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ WYTU Science & Research Club တို့ ပူးပေါင်းကြီးမှုးကျင်းပသော Clash of Robots ပြိုင်ပွဲ Press Show အား ၂၀၁၈ ခုနစ် စက်တင်ဘာလ ၃ ရက်၊ နံနက် ၁၀ နာရီက ရန်ကုန်မြို့ MICT Park, Building 14 ရှိ Kanaung Hub ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း မှ အဖွင့်အမှာစကား​ပြောကြား၍ WYTU ​ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းခန့်​မောင်​​မောင်​ နှင့် WYTU Science & Research Club မှ ဥက္ကဋ္ဌ ကိုဟိန်းထက်​တို့မှ ပြိုင်​ပွဲအ​ကြောင်း ရှင်းလင်း​ပြောကြားခဲ့ကြပါသည်။

ပြိုင်​ပွဲဖြစ်​​မြောက်​​ရေး တာဝန်​ခံများနှင့် စိတ်​ပါဝင်​စားသူ ​ကျောင်းသား​ကျောင်းသူများ၊ သတင်းမီဒီယာ အသီးသီးမှ ကိုယ်​စားလှယ်​ များတက်ရောက်​ခဲ့ကြပါသည်​။

မူရင်း | Clash of Robots Facebook စာမျက်နှာ

Comments

Leave a Reply

Your email address will not be published. Required fields are marked *