Menu Close

About Kanaung Hub

Kanaung Hub Incubation Center သမိုင်းအကျဉ်းချုပ်

၁။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နှင့် မြန်မာ့ အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းလီမိတက် တို့သည် မြန်မာနိုင်ငံ ၏ ICT နည်းပညာကို ကြိုးစားလုပ်ဆောင်နေကြသည့် လူငယ်များအတွက် ကြိုးစားရန်နေရာတစ်ခုအဖြစ် ဖွင့်လှစ်ပေးနိုင်ညှိနှိုင်းကာ MICT Park ဝင်းအတွင်းရှိ အဆောင်(၁၄) ၊ ၄ လွှာ ၊ စတုရန်းပေ (၈၀၀၀)တွင် Kanaung Hub အမည်ဖြင့် ၂၄ ရက် ဇွန်လ ၂၀၁၅ ခုနှစ် ကစတင်ဖွင့်လှစ် ပေးခဲ့ပါသည်။

Kanaung Hub တွင် စွန့်ဦးတီထွင်သူများ၊ လုပ်ငန်းတည်ထောင်သူများ ကိုစနစ်တကျတည်ထောင်နိုင်အောင် အဓိကဝန်ဆောင်မှုများ ထည့်သွင်း တည်ထောင်ပေးထားသည့် လုပ်ငန်းပျိူးထောင်ရေး နှင့် အရှိန်အဟုန်မြှင့်တင်ရေး နေရာတစ်ခု ဖြစ်ပါသည်။ Kanaung Hub ၏ အဓိကရည်ရွယ်ချက်မှာ စွန့်ဦး တီထွင်မှုများ ၊ ဆန်းသစ်တီထွင်မှုများ နှင့် နိုင်ငံ့ အကျိုးပြု တီထွင်မှု များကို အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်ပါသည်။

Kanaung Hub တွင်ဆောင်ရွက်နေသည့်လုပ်ငန်းများ

၂။ Kanaung Hub သည် စတင်ဖွင့်လှစ်သည့် အချိန်မှ ယခုအချိန်အထိ လူငယ်များအတွက် နည်းပညာ ဆိုင်ရာ Work Shop များ ပြုလုပ်ပေးခြင်း ၊ သင်တန်းများဖွင့်လှစ်ပေးခြင်း ၊ ဆန်းသစ်တီထွင်မှုပြိုင်ပွဲများပြုလုပ်ပေးခြင်း ၊ NLP စီမံကိန်းများ ဆောင်ရွက်ခြင်း ၊ SIDC (Software Industry Development Commitee) အစည်းအဝေးများ ပြုလုပ်ခြင်း၊ စီးပွါးရေးဆိုင်ရာ အတွေ့အကြုံ ဖလှယ်သည့် အစည်းအဝေးများ တွေ့ဆုံပွဲများပြုလုပ်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့လူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၈ အား ကျင်းပပြုလုပ်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ် အသီးသီးနှင့် နည်းပညာတက္ကသိုလ်အသီးသီး နှင့် ပြင်ပနယ်ပယ်ရှိ နည်းပညာရှင်များကို ဝင်ရောက်ယှဉ်ပြိုင်စေကာ အကောင်းဆုံးအဖွဲ့ (၃) ဖွဲ့ကို ရွေးချယ်ခဲ့ပါသည်။ ရွေးချယ်ခဲ့သည့် အနိုင်ရအဖွဲ့ (၃)ဖွဲ့အား ကုမ္ပဏီမှတ်ပုံတင်များ ပြုလုပ်ပေးခြင်း ၊ ရင်းနှီးမြှုပ်နှံငွေ ကျပ်သိန်း (၅၀)တိတိ ချီးမြှင့်ပေးခြင်းနှင့် Kanaung Hub ၏ Co-working space တွင် လုပ်ငန်းများအား (၆)လ တိတိ ဆက်လက်လုပ်ကိုင်ခွင့်ပေးခြင်း ၊ လုပ်ငန်းနှင့် နည်းပညာဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးခြင်းများကို MPT နှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခု နှစ်တွင်လည်း မြန်မာ လူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ အား ဆက်လက်ကျင်းပရန် အတွက် ဆောင်ရွက်လျက် ရှိပါသည်။ ယင်းအစီအစဉ်အား https://mmtechnopreneurship.com/ တွင် ဝင်ရောက်လေ့လာနိုင်ပြီး နည်းပညာရှင်လူငယ်များကို အောင်မြင်သည့်လုပ်ငန်းရှင်ငယ် များဖြစ်အောင် ပြုစု ပျိုးထောင်ပေးလျက်ရှိပါသည်။ ပါဝင်ယှဉ်ပြိုင်ရန်အတွက်လည်း https://mmtechnopreneurship.com/ တွင် ဝင်ရောက်ကြည့်ရှုကာ Programing Launching ဆောင်ရွက်ပြီးချိန်မှ စတင်ပြီး Form တင်သွင်းနိုင်မည် ဖြစ်ပါသည်။

၃။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးမှလည်း Kanaung Hub ၏လုပ်ငန်းပျိုးထောင်ရေးနှင့် အရှိန် အဟုန်မြှင့်တင်ရေးဌာနအား အိုင်စီတီလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်ရှိနေသမျှ ကာလပတ်လုံး မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ် နှင့် မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းလီမိတက်တို့က အပြည့်အ၀ ဆက် လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းပညာရှင်များ၊ အဖွဲ့အစည်းများ၊ ပြည်ပမှ ပညာရှင်များ၊ အဖွဲ့ အစည်းများနှင့်လည်း လက်တွဲ၍ မြန်မာ့လူငယ်များအိုင်စီတီလုပ်ငန်းတိုးတက်ရေးတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားထားခဲ့ပါသည်။

၄။ Kanaung Hub အား လက်ရှိအချိန်တွင် ကော်မတီဝင် (၂) ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။ ကော်မတီဥက္ကဋ္ဌ အဖြစ် ဦးသောင်းစုငြိမ်း (ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ) ၊ကော်မတီဝင်အဖြစ် ဦးအောင်ကျော်မိုး (ဘဏ္ဍာရေးမှူး ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ) နှင့် တို့ မှ အသီးသီး တာဝန်ယူထားခဲ့ပါသည်။

Kanaung Hub တွင် Manager (၁) ဦး နှင့် ရုံးလုပ်ငန်းအဖွဲ့ဝင် (၃) ဦး ၊ NLP Project ဝန်ထမ်း (၃) ဦးတို့ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။ Kanaung Hub သည် နံနက် (၀၉၀၀) ချိန်တွင် ဖွင့်လှစ်ပြီး ၊ ညနေ (၀၆၀၀) ချိန်တွင် ပိတ်ပါသည်။ နေ့စဉ်နေ့တိုင်း လာရောက်အသုံးပြုနိုင်ပါသည်။ နိုင်ငံတော်ရုံးပိတ်ရက်များတွင်သာ ပိတ်ရက် ရှိပါသည်။ ကွန်ပျူတာတက္ကသိုလ် ကျောင်း များ ၊ နည်းပညာတက္ကသိုလ်ကျောင်းများ မှ ကျောင်းသား/ကျောင်းသူများ ၊ နည်းပညာနှင့်ပတ်သတ်၍ စိတ်ဝင်စားသူများ အား စတင်မိတ်ဆက်ပေးသည့်နေရာ လုပ်ငန်းများအား စတင် ဆောင်ရွက် နိုင်သည့်နေရာဖြစ်အောင် လည်း ဆောင်ရွက်ပေး လျက်ရှိပါသည်။

၅။ Kanaung Hub တွင် လာရောက်၍ နည်းပညာများလေ့လာနိုင်သလို စာအုပ်များကိုလည်း မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ရန် E-Library ကိုလည်း ဆောင်ရွက်ထားရှိပါသည်။ ထို့အပြင် နည်းပညာများကို Sharing လုပ်နိုင် ရန်အတွက် Own Cloud လည်း ဆောင်ရွက်ထားရှိပေးထားပါသည်။ Kanaung Hub ၏အကြောင်းကို လေ့လာနိုင်ရန် www.kanaunghub.com ကိုဖွင့်လှစ်ထားခြင်း ၊ Facebook Page ဖွင့်လှစ်ထားခြင်းများ ရှိပြီး Kanaung Hub ၏ ဆောင်ရွက်မည့် Work shop , Seminar နှင့် Training များကိုလည်း သွားရောက်ကြည့်ရှုပြီး တက်ရောက် နိုင်ရေးလည်း ဆောင်ရွက်ထားပေးပါသည်။ နည်းပညာဆိုင်ရာပညာရှင်များ က Knowledge Sharing ပြုလုပ်လို သဖြင့်Work Shop များပြုလုပ်ခြင်း ၊ Training များပြုလုပ်ခြင်း ကိုလည် ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိပါသည်။ Kanaung Hub သို့ ဆက်သွယ်နိုင်သည့် လိပ်စာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
– ဦးရဲစည်သူမင်း ၊ တာဝန်ခံ (+၉၅ ၉၄၀၁၆၇၆၃၆၀) ၊ Mail (office@kanaunghub.com)
(+၉၅၀၁ ၈၆၅၂၃၀၇)

Myanmar Computer Federation (MCF)

၆။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ကွန်ပျူတာဆိုင်ရာ အသင်းအဖွဲ့များ ၊ လုပ်ငန်းအဖွဲ့များ ၊ နည်းပညာကော်မတီများကို စုစည်းထားသော တရားဝင် အသင်းချုပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းတွင် IT ကျောင်းသား နှင့် ပညာရှင်အသင်းဝင်ပေါင်း ၁၂၀၀၀ ဦး အထက် ၊ လုပ်ငန်းအဖွဲ့ဝင်ပေါင်း (၈၀၀)ခုကျော်နှင့်အထက် ၊ အခြေခံပညာကျောင်းသားလူငယ် အဖွဲ့ဝင်ပေါင်း တစ်သိန်းကျော် ပါဝင်ပါသည်။

Myanmar ICT Development Coporation Co.,Ltd(MICTDC)

၇။ မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း လီမိတက်သည် မြန်မာ့အိုင်စီတီဖွံ့ဖြိုးရေးကို အဓိက ဆောင်ရွက်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၎င်းသည် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးတွင် အရေး ပါသော ကဏ္ဍမှ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၀၁ ခုနှစ်တွင် ပုဂ္ဂလိက ကုမ္ပဏီ (၅၀) ခု ခန့်ဖြင့် စတင်တည် ထောင်ခဲ့ပြီး အိုင်စီတီဆိုင်ရာ အဆောက်အဦးများ ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် တက်ကြွ စွာဖြင့် ပံ့ပိုး ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိ ယနေ့အချိန်အထိလည်း အစိုးရဌာနများ ၏ နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက်များအား တစ်ဘက်တစ်လှမ်းမှ တတ်နိုင်သလောက်ကူညီဖြည့်စွမ်း လျက်ရှိသည့် အများပိုင် ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။