Drone Technology - Kanaung Hub

https://www.eventnook.com/event/kanaung-drone/home

Kanaung Hub တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပမည့် Drone Technology

Drone Event မှာ အဓိကအနေနဲ့ FOSS နဲ့ Myanmar Future Science ပါပါမယ်။
Ubuntu Myanmar LoCo Team ကလည်း Ubuntu Drone အကြောင်း အနည်းငယ် ပါဝင်ပြောကြားပါမယ်။
Presentation တွေအပြင် လက်တွေ့သမားတွေနဲ့ တွေ့ဆုံပြီး မေးမြန်းနိုင်မှာဖြစ်ပါတယ်။ Drone တွေကိုလည်း လက်တွေ့ ကြည့်ရှုလေ့လာနိုင်မှာပါ။

Drone Event မှာ

Drone Technology

Drone Application

Agriculture Drone

Emergency / Rescue for Drone Technology

DIY Drone

Ready Made Drone

Drone Compare

စတာတွေကို ရှင်းလင်းခြင်းနဲ့ လက်တွေ့ပြသခြင်းတို့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Drone ကို စတင်ကျင်းပရတဲ့အကြောင်းရင်းကတော့ မကြာခင်မှာ အတည်ပြုပေးတော့မယ့် UAV / Drone ဥပဒေ အတွက် ကြိုတင် သိရှိထားအောင်ရယ် အဆင်သင့် ဖြစ်နေစေဖို့ရယ် အတွက်ပါ။ အခု လူစိတ်ဝင်စားနေတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်သလို ဆောင်ရန် ရှောင်ရန်တွေကိုလည်း သိချင်နေကြမယ်လို့ မျှော်လင့်မိပါတယ်။ မကြာမှီ အချိန်ကာလတစ်ခုမှာပဲ US နဲ့ UK ရဲ့ စီးပွားရေး ပိတ်ဆို့ထားတဲ့ ဥပဒေတွေလည်း ပျက်ပြယ်တော့မှာဖြစ်လို့ နည်းပညာ ပစ္စည်းတွေကို ဒီထက် ဈေးပေါပြီး အရင်လို အချိန်အကြာကြီး မစောင့်ရပဲ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ဥပဒေတွေ ဆောင်ရန်ရှောင်ရန်တွေ ဘယ်လို နေရာတွေမှာ အသုံးတည့်တယ် အသုံးဝင်တယ်ဆိုတာတွေကို ကြိုတင်ပြီး မိတ်ဆက်ထားပေးတာ ဖြစ်ပါတယ်။