Arduino Day Yangon 2017

ကမာ႓တစ်ဝန်း နှစ်စဉ် ဧပြီ (၁) ရက်နေ့တိုင်း ကျင်းပလေ့ရှိတဲ့ Arduino Day ကို အရင်နှစ်တွေကလိုပဲ ရန်ကုန်မှာလည်း ဒီနှစ်ကျင်းပကြမှာဖြစ်ပါတယ်။ Ubuntu Myanmar LoCo Team နဲ့ FOSS Myanmar မှ ဦးဆောင်ကျင်းပတဲ့ Arduino Day မှာ Phoewa Science ကလည်း ဒီနှစ် အတူပါဝင်မှာဖြစ်လို့ အားလုံးကို အတူတူလာရောက် ဆင်နွှဲဖို့ ဖိတ်ခေါ်ပါရစေ။

Arduino အခြေခံ ပစ္စည်းတွေ၊ ပရောဂျက်တွေလုပ်ထားတဲ့မိတ်ဆွေတွေနဲ့၊ ကိုယ့်အတွေ့အကြုံတွေ ဗဟုသုတတွေပြန်လည်ဝေမျှလိုတဲ့၊ ပညာရှင်မိတ်ဆွေတွေကိုလည်း လာရောက် ဟောပြောပြသဆင်နွှဲဖို့ဖိတ်ခေါ်ချင်သလို စိတ်ပါဝင်စားတဲ့ကျောင်းသားကျောင်းသူတွေ ဝါသနာရှင်တွေကိုလည်းလာခဲ့ဖို့ ကြိုဆိုပါတယ်။

ပစ္စည်းတွေ ပရောဂျက်တွေပြမယ်။ စကားစမြည်ပြောကြမယ်။ ကိုယ်လုပ်ချင်တဲ့ပရောဂျက်တွေ အကြောင်းအတူတူတိုင်ပင်ကြရင်း မိတ်သစ်ဆွေသစ်တွေရှာရင်း ပျော်ရွှင်စွာကျင်းပကြရအောင်ပါ။

မနက်ပိုင်းမှာ Project Exhibition ရှိပါမယ်။ အားလုံးကိုမိမိဖန်တီးထားတဲ့ ပစ္စည်းတွေ ပရောဂျက်တွေကို လာရောက်ပြသမိတ်ဆက်ပေးနိုင်ပါတယ်။ နေ့လည်ပိုင်းမှာ Make'n Rush အစီအစဉ်ပါဝင်မှာဖြစ်ပါတယ်။ အဖွဲ့ငယ်လေးတွေခွဲပြီး Mini Project လေးတွေတစ်နာရီအတွင်းအပြီးလုပ်ရပါမယ်။ လိုအပ်တဲ့ပစ္စည်းတွေ တတ်နိုင်သမျှထောက်ပံ့ပေးထားမှာဖြစ်ပြီး တစ်နာရီပြည့်ရင်တော့ ပရောဂျက်တွေအကုန်လုံးကို အချင်းချင်းမဲပေးပြီး အကောင်းဆုံး Project တွေရွေးချယ်ကြမှာ ဖြစ်ပါတယ်။

Open Talk မှာလဲ မိမိအတွေ့အကြုံတွေ ထင်မြင်ယူဆချက်တွေကို အားလုံးနဲ့အတူတူမျှဝေပေးနိုင်ပါတယ်။ ကလေးသူငယ်တွေကိုလဲကြိုဆိုပါတယ်။ သူတို့စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်တယ်လေ။ မုန့်တွေလဲယူလာခဲ့ကြပါ။ Snack Break တွေမှာ အတူတူစကားစမြည်ပြောရင် စားကြတာပေါ့။ :D

အားလုံးပဲဆက်ဆက်လာခဲ့ဖို ့ဖိတ်ခေါ်ချင်ပါတယ်။ လာရောက်ဆင်နွှဲကြမယ်ဆိုရင် ဒီ Link မှာ Register လုပ်ပေးသွားပါဦး။ Registration Link ထဲမှာပဲ Event နဲ့ ပတ်သက်တဲ့ Schedule, Venue, Details တွေ အားလုံး ပါဝင်ပါတယ်ဗျ ;)
http://arduinoday-ygn.doattend.com/