Coworking ဘာလဲ

Coworking ဘာလဲ
==============
Coworking ဆိုသည်မှာ အလုပ်လုပ်ကိုင်ဆောင်ရွက်ပုံတစ်မျိုးဖြစ်သည်။ သီးခြား အလုပ်များကို ဆောင်ရွက်ရန် လုပ်ငန်းခွင်ကို မျှဝေသုံးစွဲကြသည်။ သမားရိုးကျ ရုံးတစ်ခု၏ လုပ်ငန်း ပါတ်ဝန်းကျင်နှင့် coworking အလုပ်ခွင် ကွာခြားချက်မှာ ၎င်းအလုပ်ခွင်တွင် မတူညီသော အဖွဲ့အစည်း၊ မတူညီသော လုပ်ငန်းများမှ ပုဂ္ဂိုလ်များ အတူတကွ လုပ်ကိုင်ကြခြင်းဖြစ်သည်။
coworking (c အသေးဖြင့်) သို့မဟုတ် co-working ဟူသော စကားလုံးကို ယေဘူယအားဖြင့် ကုမ္ပဏီ မတူသော လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော လူများ တစ်နေရာထဲတွင် အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြသည့် အခြေအနေမျိုးတွင်သုံး လေ့ရှိသည်။ ထိုသို့ဖြစ်စေသော အကြောင်းပေါင်းစုံတွင် အလွတ်သဘော စုဝေးပွဲများ၊ အစားစားသော စီးပွားရေးကိစ္စ ဆောင်ရွက်မှုများနှင့် Coworking နေရာတွင် အတူတကွ လုပ်ကိုင်ခြင်းများ ပါဝင်သည်။
Coworking နေရာတစ်ခုကို ဘယ်လိုသုံးသပ်မလဲ
===================================
စိတ်တူကိုယ်တူ အလုပ်အတူလုပ်ကိုင်သူများနှင့် တွေ့ရခြင်းအပြင် Coworkig နေရာသည် နှစ်လိုဖွယ် ပါတ်ဝန်းကျင်၊ နေရာထိုင်ခင်းရှိရမည်။ မြူမှုန်ကင်းစင်ပြီး သစ်လွင်တောက်ပ နေရန်မလိုသော်လည်း၊ ကိုယ့် ဖောက်သည်၊ ကိုယ့် လုပ်ဖော်ကိုင်ဖက်ကို ခေါ်ယူတွေ့ဆုံ ရန် သင့်တင့်သော ပါတ်ဝန်းကျင်၊ နေရာထိုင်ခင်းမျိုး ရှိရမည်။
ကိုယ့်အိမ်နှင့် ဆယ်မိုင် ပါတ်လည် အတွင်းတွင် တည်ရှိကာ၊ အလွယ်တကူ သွားလာနိုင်ပြီး၊ ကားပါကင် နေရာများများရှိလျှင် အကောင်းဆုံးဖြစ်သည်။ မန်ဘာကြေးနှင့် အခြားလစဥ်ကြေးများကိုလည်း သေသေချာချာတွက်ဆသင့်သည်။ နေရာ အတော်တော်များများတွင် အချို့ဝန်ဆောင်မှုများအတွက် သပ်သပ် ပေးရတတ်သည် (ဥပမာ မိတ္တူကူးခြင်း၊ ပရင့်ထုတ်ခြင်း)
အဆုံးစွန်တွင် Cowering space သည် စိတ်ထားစစ်စစ်မှန်မှန်နှင့် အသိုက်အဝန်းရှိသလား၊ အခွံချည်းသက်သက်လား၊ တကယ်ကော အချင်းချင်း ကူညီကြ၊ စစ်စစ်မှန်မှန် ဆက်ဆံကြ သလား။ Coworking space တည်ထောင်သူတွေကရော တကယ်ပါဝင်ဆောင်ရွက်ကြသလား၊ စီးပွားဖြစ်ပဲ လုပ်နေကြတာလား၊ အမှန်ကတယ်ရော အသိုင်းအဝိုင်းရဲ့ အကျိုးကို ဂရုစိုက်သလား တွေကို ကြည့်ရှုဆုံးဖြတ်သင့်သည်။
ဘယ်သူတွေ Coworking လုပ်လေ့ရှိလဲ
============================
ကိုယ်ပိုင်အလုပ်၊ freelance လုပ်ကို်င်ကြသော်လည်း၊ တစ်ဦးတည်း မဟုတ်သော လုပ်ငန်းပါတ်ဝန်းကျင်တွင် လုပ်ကိုင်လိုသူများ၊
အသိုင်းအဝန်းရှိသော လုပ်ငန်းပါတ်ဝန်းကျင်နှင့်၊ စူးစူးစိုက်စိုက် အလုပ်လုပ်နိုင်မည့် နေရာ ရှာနေသူများ အတွက် Coworking နေရာမှာ အထူးသင့်လျော်သည်။
ဘာကြောင့် Coworking နေရာမှာ လုပ်သင့်သလဲ
=====================================
လွတ်လပ်စွာ ကိုယ်ပိုင် အလုပ်လုပ်ကိုင်ကြသူများ ကြုံဖူးကြမည်။ အိမ်တွင် အလုပ်လုပ်စဥ် ကြုံရသော အခက်ခဲများရှိသည်။ တစ်ခါတစ်ရံ အထီးကျန်သော ခံစားမှုမျိုး၊ အနှောက်အယှက်များ စသည်ဖြင့်။ အိမ်နှင့် အလုပ်ကိုတွဲထားရခြင်းသည် အလွန်ကိုယ်တွယ်ရခက်စွာ အားထုတ်ရသည်။ အချို့လည်း တစ်ဦးတည်း ဖြစ်နေခြင်းကို ရှောင်ရန် ကော်ဖီဆိုင်များတွင် ထိုင်လုပ်ကြသည်။ နေရာလုရသည်။ မီးပလပ် ရှာရ တောင်းရသည်။ အနားမှာ ဆူညံသူတွေ ရှိနေတာမျိုးကြုံရသည်။
Coworking နေရာကတော့ အလုပ်တွင်ကျယ်စေမည့် သတ်သတ်မှတ်မှတ် နေရာမျိုးပေးနိုင်သည်။ အလုပ်တွင်လျှင် လုပ်ငန်းပိုအောင်မြင်မည်။ ကုန်ကျစားရိတ်အားဖြင့် တွက်ခြေကိုက်သည်။ ထို့ပြင် ပစ္စည်များကို မျှတသုံးစွဲကြခြင်းသည် eco-friendly ဖြစ်သည်။ Coworking နေရာရှိ အစည်းအဝေးခန်းများ၊ ခမ်းမများကို အသုံးချကာ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်များ ကျင်းပနိုင်သည်။ Coworking လုပ်ကိုင်ကြသူများ အချင်းချင်း၊ စိတ်သဘောထား တိုက်ဆိုင်ကြသူများ အချင်းချင်း ချိတ်ဆက်ခြင်း၊ အကြံဉာဏ် အကူအညီ တောင်းခံခြင်း၊ ဆွေးနွေးခြင်း များဆောင်ရွက်နိုင်ခြင်းများ အဓိကအားသာချက်ပင်ဖြစ်သည်။
Business Incubator ဘာလဲ
========================
Business Incubator သည် စွန့်ဦးတီထွင် လုပ်ကိုင်သော ကုမ္ပဏီများ အရှိန်အဟုန်ဖြင့် ကြီးပွား အောင်မြင်စေရန်၊ အထောက်အကူပြု ဝန်ဆောင်မှုများ၊ ပစ္စည်းကိရိယာများ ပံ့ပိုးပေးသော အဖွဲ့အစည်းဖြစ်သည်။အထောက်အပံ့များတွင် လုပ်ငန်းခွင် နေရာထိုင်ခင်း၊ ရင်းနှီးမတည်ငွေ၊ နည်းပြသင်ကြားခြင်းများ၊ အထွေထွေဝန်ဆောင်မှုများနှင့် ချိတ်ဆက် ပေးခြင်းများ ပါဝင်သည်။ Business Incubation အစီအစဥ်ကို အများအားဖြင့် ပုဂ္ဂလိက ကုမ္ပဏီများ၊ အများပိုင်လုပ်ငန်းများ၊ တက္ကသိုလ်များ၊ ကျောင်းများမှ ပံ့ပိုးပေးလေ့ရှိသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းငယ်များ တည်ထောင်၊ ကြီးပွားစေရန်အတွက် လိုအပ်သော ငွေကြေး၊ နည်းလမ်းနှင့် အခြား အထောက်အပံ့ များဖြင့် ပံ့ပိုးပေးရန်ပင်ဖြစ်သည်။
Incubation ကဘာတွေပေးသလဲ
=========================
ယေဘူယအားဖြင့် (အကုန်မဟုတ်တောင်) အောက်ပါတို့်ကိုပေးသည်။
- စီပွားရေး အခြေခံ နားလည်မှု သင်ကြားပေးခြင်း
- အဆက်အသွယ်များနှင့် ချိတ်ဆက်ပေးခြင်း
- စျေးကွက် ကူညီရှာဖွေပေးခြင်း
- မြန်နှုန်းမြင့် အင်တာနက်
- စာရင်းကိုင်နှင့် ငွေကြေးစီမံမှု အကူအညီ
- ချေးငွေ ရရှိရန်၊ ထောက်ခံ ကူညီ
- ရှင်းလင်းတင်ပြတတ်အောင် သင်ပေးခြင်
- အဆင့်မြင့် ပညာများ ကိုရရှိရန် ချိတ်ပေးခြင်း
- ဗျူဟာကျသော ပူးပေါင်းဆောင်ရွက်သူမျာနှင့် ချိတ်ပေးခြင်း
- Angel Investor နှင့် Venture capital များရရှိရန် ဆောင်ရွက်ပေးခြင်း
- ပြည့်စုံသော စီးပွားတည်ထောင်ရေး သင်တန်း
- အတိုင်ပင်ခံ အဖွဲ့နှင့် နည်းပြများ
- စီပွားရေး လုပ်ထုံးလုပ်နည်းများ နည်းပြပေး
- နည်းပညာ ကို စီးပွားဖြစ်ရောင်းချနိုင်ရင် ကူညီပေး
- စည်းမျဥ်း ဥပဒေများနှင့် ဘောင်ဝင် အောင် ကူညီပေးခြင်း
- ဉာဏမူပိုင်ခွင့်များ စီမံမှုသင်ကြားပေးခြင်း
အခြားစီးပွားရေး အထောက်အကူပြု အစီအစဥ်များနှင့် ကွာခြားချက်မှာ၊ Business Incubator သည် လာသမျှ မည့်သည့် ကုမ္ပဏီကို မဆို ဝန်ဆောင်ပေးနိုင်သည် မဟုတ်ပေ။ အစီအစဥ်တွင် ပါဝင်လိုသော စွန့်ဦးတီထ္ငင်သူသည် ၎င်းလုပ်ငန်းကို တင်ပြလျှောက်ထားရန်လိုအပ်သည်။ ရွေးချယ်မှုမှာလည်း အစီအစဥ် တစ်ခုနှင့် တစ်ခုကွာခြားသည်။ အများအားဖြင့် ဖြစ်နိုင်ချေရှိသော စီးပွားရေး စိတ်ကူးနှင့် လုပ်ကိုင်နိုင်လောက်သော စီပွားရေး အစီအစဥ် ရေးသား တင်ပြနိုင် သူများ ရွေးချယ်ခံရလေ့ရှိသည်။
(ရေး − သိပ္ပံခေတ်လူ ၃ဇူ၁၅)

https://www.facebook.com/KanaungHub/posts/1638560506430498